ကျနော်မွေးဖွားရာ မြို့လေးဖြစ်သော ဒွါရာဝတီ အမည်ဟူသော မြို့လေးတွင်ဖြစ်ပျက်ခဲ့ သော အကြောင်းအရာတခုဖြစ်ပါသည်။ ကျနော်တို့ မြို့လေးရှိ ဈေးလေးအား11/2/12 နံနက် 5 နာရီ 30 မိနစ်မှစ ပြီး
မနက် 8 နာရီတိုင်အောင် ရန်သူမျိုးငါးပါးတွင် တပါးအပါအ၀င်ဖြစ်သော မီး ဟူသည့်ရန်သူက ၀ါးမျို သွားသည်မှာ ရင်နင့်စရာပင် ဖြစ်သည်။ကျနော်တို့မြို့နှင့် အနီးအနားနေထိုင်ကြသော သူတို့မှာ လည်း
ထိုဈေးလေးအားမှီခိုနေကြရပါသည်။ဈေးဆိုင်ပိုင် ရှင်များသည် အရင်းအနှီးတော်တော်များများ ဆုံးရှံးခဲ့ ရသည်မှာ ရင်နာဖွယ် / မြို့သူ/သား များ စိုးရိမ် ပူပင်သောကရောက်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ် တွေ့ရသောအချိန်သည်မြို့သူ/သားတို့ဧူ်ရင် တွင် အိပ်မက်ဆိုးကြီးသဖွယ် ဖြစ်နေမည်မှာအမှန်ပင်ဖြစ်ပါသည်။
ဝမ်းနဲခြင်းများစွာဖြင့်
လွမ်းရိပ်
No comments:
Post a Comment
မှတ်ချက်များကိုစီစစ်ပြီးမှဖော်ပြပေးမည်ဖြစ်ပါသဖြင်.ယခုချက်ချင်းမြင်ရမည်မဟုတ် ပါ။မကြာခင်နောက်တစ်ခါပြန်လာပြီးမီမီ၏မှတ်ချက်များကိုပြန်ကြည်.ပါရန်မေတ္တာရပ်
ခံပါသည်။